0:00 / 0:00
ပဲခူးတိုင်းနဲ့ မွန်၊ ကရင်၊ တနင်္သာရီ ပြည်နယ်တွေမှာ ရေကြီးရေလျှံနေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရသလို လူဦးရေ သောင်းနဲ့ချီပြီး ရေလွတ်ရာကို ပြောင်းရွှေ့ နေရပါတယ်။
ရေဘေးသင့်ဒေသတွေကို သွားရောက်ပြီး ထောက်ပံ့ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။