မြိတ်ဆန္ဒပြပွဲ ခေါင်းဆောင်လေးဦး ဖမ်းဆီးခံရ၊ မိသားစုဝင်တစ်ဦး ပြောပြချက်

2021.02.25

တနင်္သာရီတိုင်း မြိတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ သပိတ်ခေါင်းဆောင်လေးဦးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီနေ့မနက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံထားရသူ လေးဦးအပြင် ဆန္ဒပြ ရာမှာ ပါဝင်လို့ အမှုဖွင့်ခံထားရသူတွေလည်း ရှိနေပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ တို့နဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲဦးဆောင်သူတွေကို လိုက်လံဖမ်းဆီးနေတာဟာ ဆန္ဒပြပွဲတွေကို အရှိန်လျော့သွားအောင် ရည်ရွယ်လုပ်ဆောင်တာလို့ ဒီနေ့ မြိတ်မြို့မှာ ဖမ်းဆီးခံရလိုက်ရတဲ့ ကိုမိုးသူအောင်ဇနီး မရှင်ဌေးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။