စစ်ကောင်စီအတွင်း ဖွဲ့စည်းပုံပျက်နေဟု CDM ဗိုလ်ကြီးပြော

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.09.08

အာဏာသိမ်းစစ်ကောင်စီအတွင်း ရာထူးတာဝန်အပြောင်းအလဲများနေတာဟာ ဖွဲ့စည်းပုံပျက်နေတဲ့အတွက် ဖြစ်ကြောင်းနဲ့ တပ်ဖွဲ့ဝင်အင်အား တစ်နေ့တခြား လျော့နည်းလာနေတဲ့အတွက် စစ်တပ်က အရေးယူထုတ်ပယ်ထားသူတွေနဲ့ အငြိမ်းစားယူထားသူတွေကို ငွေကြေးအပါအဝင် အခွင့်အရေးတွေနဲ့ မက်လုံးပေးပြီး တာဝန်ပြန်လည်ထမ်းဆောင်ဖို့ စစ်ကောင်စီက စည်းရုံးနေကြောင်း CDM ဗိုလ်ကြီး ထက်မြတ်က ပြောကြားပါတယ်။ ဗိုလ်ကြီး ထက်မြတ်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
________

ကောက်နုတ်ချက်များ
■ စစ်ကောင်စီက တိုင်းမှူးတို့ ဝန်ကြီးတို့လို ထိပ်ပိုင်းခေါင်းဆောင်တွေ မကြာခဏပြောင်းလဲနေတာ ဘာကြောင့်လဲ။
■ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ တပ်ကို စွန့်ခွာထွက်ပြေးမှု။
■ အရာရှိနဲ့ တခြားအဆင့် အင်အားသစ်စုဆောင်းရေး အခြေအနေ။
■ စစ်ကောင်စီတပ်ဖွဲ့တွေအတွင်း ဝါဒဖြန့်ချိမှု။
■ လက်ရှိနွေဦး တော်လှန်ရေးမှာပါဝင်နေတဲ့ ပြည်တွင်းပြည်ပ အင်အားစုတွေရဲ့ ညီညွတ်ရေး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။