တရုတ်မှာကျောက်စိမ်းရောင်းပြီး ပြန်လာသူ တစ်ဦးနဲ့ မေးမြန်းချက်

0:00 / 0:00

အခုရက်ပိုင်းအတွင်း တရုတ်မြန်မာနယ်စပ် ကန်ပိုက်တီးနယ်စပ်ဂိတ်ကို ဖြတ်ပြီး တရားမဝင် ရောင်းချတဲ့ ကျောက်စိမ်းကားကြီးတွေ တဖက်နိုင်ငံ တရုတ်ဈေးကွက်မှာ များနေတာကြောင့် မြန်မာနိုင်ငံက ကျောက်စိမ်းတွေဟာ ဈေးကောင်းမရဘဲ ဖြစ်နေတယ်လို့ တရုတ်မှာကျောက်စိမ်း ရောင်းပြီး ပြန်လာသူ ကုန်သည်တစ်ဦးက ပြောပါတယ်။

ကုန်တင်ကားကြီးတွေနဲ့ သယ်ကြသူတွေအများစုဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေသူတွေများတယ်လို့ အမည်မဖေါ်လိုတဲ့ အဲဒီကုန်သည်က ပြောပါတယ်။

အာအက်ဖ်အေ သတင်းထောက် ကိုကျော်မျိုးမင်းက တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။