ကမ္ဘာလှည့်ခရီးသည်တွေကို ကန့်သတ်နေရာတွေ သွားခွင့်ပြု မှာမဟုတ်


2016-12-25
Share

မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးတို့က ကန့်သတ်ထားတဲ့ ဒေသတွေကို ကမ္ဘာ့လှည်ခရီးသွားဧည့်သည်တွေ သွားလာဖို့ ခရီးသွားကုမ္ပဏီတွေ ကတဆင့် ခွင့်ပြုမိန့်တင်ပြတာမျိုးတွေ ခွင့်ပြုပေးတော့မှာ မဟုတ်ကြောင်းနဲ့ လက်ရှိသွားရောက် လည်ပတ်နေတာတွေ ရှိရင်လည်း ခရီးစဉ်ကို အမြန်ရပ်ဆိုင်းပေးဖို့ ဟိုတယ်နှင့် ခရီးသွားလားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဟိုတယ်နှင့်ခရီးသွားလားရေးဝန်ကြီးဌာန ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ထွေး ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့