CDM ၀င်တဲ့ တပ်မတော်သားများ သတ်ဖြတ်ခံရတယ်လို့ စစ်ကောင်စီ သတင်းမှားဖြန့်
တင်အောင်ခိုင် (ဘန်ကောက်)
2023.05.04
2023.05.04
CDM ၀င်တဲ့ စစ်ကောင်စီတပ်သားများ သတ်ဖြတ်ခံရတယ်ဆိုပြီး တပ်တွင်း၀ါဒဖြန့်ထားတယ်လို့ မဲဆောက်မြို့ကို ရောက်လာတဲ့ CDM ၀င်ရောက်လာသူ တပ်မတော်သား လေးဦးက ပြောပါတယ်။
အဲဒီရဲဘော်တွေဟာ ဖာပွန်ခရိုင်မှာ အခြေစိုက်တဲ့ ခမရ ၃၄၁ ကဖြစ်ပြီး သင်္ကြန်မတိုင်ခင်လေးကမှ လက်နက်တွေနဲ့အတူ ထွက်လာကြသူတွေ ဖြစ်ပါတယ်။
သူတို့ဟာ KNU တပ်မဟာ ၅ ကို ၀င်ရောက်လာတာဖြစ်ပြီး တပ်မဟာ ၅ ကတစ်ဆင့် မေမေ့ရင်ခွင်အဖွဲ့ကို မေလ ၃ ရက်နေ့က ပို့ပေးတာဖြစ်ပါတယ်။ သူတို့ကို တပ်မဟာ ၅ က ဆုကြေးငွေတွေ ချီးမြှင့်ခဲ့ပြီး ပြည်သူ့ရင်ခွင်အဖွဲ့ကလည်း ဆုကြေးတွေ ထပ်ပေးဖို့ စီစဥ်နေပါတယ်။
မဲဆောက်မြို့ကို ရောက်လာတဲ့ တပ်မတော်သားလေးဦးကို ဦးတင်အောင်ခိုင် ဘန်ကောက်မြို့ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။