ပြည်သူနဲ့ မပူးပေါင်းနိုင်အောင် စစ်သားတွေစည်းရုံးခံထားရ

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021-04-19
Share

အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်က ဦးစီးအရာရှိ (ဒုတိယတန်း- စစ်ရေးစစ်ထောက်) ဗိုလ်မှူး ဟိန်းသော်ဦး ဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဖီဆန်ပြီး ပြည်သူတွေနဲ့ပူးပေါင်းဖို့အတွက် မူဆယ်-လားရှိုးလမ်း နမ့်ဖက်ကာ ဒေသကနေ မြန်မာပြည်မြောက်ပိုင်းတနေရာကို ဒီရက်ပိုင်းအတွင်း ရောက်ရှိလာခဲ့ပါတယ်။

စစ်တပ်ထဲမှာ သူ့လို ပြည်သူနဲ့ ပူးပေါင်းလိုသူ တပ်မတော်သားနဲ့ အရာရှိအများအပြားရှိနေပေမယ့် သူတို့ကို နည်းမျိုးစုံနဲ့ စည်းရုံးထားကြောင်း၊ လက်ရှိတော်လှန်ရေး အောင်မြင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရော၊ ပြည်သူလူထုအတွင်းမှာပါ အခုထက် ပိုမိုစည်းလုံးဖို့လိုကြောင်း သူက ပြောပါတယ်။ ဗိုလ်မှူးဟိန်းသော်ဦးကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

Anonymous says:
2021-04-20 02:27

ဟား ဒီလိုဆိုစစ်တပ်ရဲ့စည်းရုံးရေးအောင်မြင်နေတယ်ပေါ့။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့