မူဆယ်-မန္တလေးလမ်း ကားပိတ်ဆို့မှု ထပ်ဖြစ်

2016-12-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်မှာ ဒီရက်ပိုင်း ကားလမ်းပိတ်ဆို့တာ မကြာခဏဖြစ်နေတဲ့အတွက် ကုန်သွယ်ရေးလမ်းကြောင်း မှာ နှောင့်နှေးပြီး တရုတ်နိုင်ငံကို တင်ပို့ရောင်းချရမယ့် သစ်သီးကုန်တွေဟာ လမ်းခရီးမှာ မလတ်ဆတ်ဘဲ ပုပ်တာတွေကြောင့် ရောင်းပန်းမလှဘဲ ပျက်စီးဆုံးရှုံးတာတွေ ဈေးနှိမ်ခံရတာတွေ ကြုံတွေ့နေရပါတယ်။

လက်ရှိ ကားလမ်းပိတ်နေတဲ့ အခက်အခဲနဲ့ သစ်သီးတင်ပို့နေရတဲ့ ကုန်သွယ်ရေးလမ်ကြောင်း အခြေအနေနဲ့ ပတ်သက်ပြီး မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် သစ်သီးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးစိုင်းမြင့်ဗိုလ်ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့