မလေးရှား ငါးဖမ်းစက်လှေမှာ အလုပ်လုပ်ကိုင်ရင်း အင်ဒိုနီးရှားနိုင်ငံ ရေပိုက်နက်ထဲ ရောက်သွားလို့ အင်ဒိုနီးရှားနိုင်ငံ၊ တန်ဂျွန်ပီနန် (Tanjung Pinang) ကျွန်းပေါ်က လဝက ထိန်းသိမ်းရေးစခန်းမှာ ၂၀၁၉ ခုနှစ်ကစလို့ မြန်မာနိုင်ငံသား ကိုးဦး ထိန်းသိမ်းခံထားရတာ အခုဆိုရင် တစ်နှစ်ခွဲ နီးပါးရှိနေပါပြီ။
ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းကနေ စတင်ပြီး အင်ဒိုနီးရှားပိုင် Batam ကျွန်းပေါ်မှာ သုံးလ ထိန်းသိမ်းခံရပြီးနောက် Tanjung Pinang ကျွန်းပေါ်က လဝက ထိန်းသိမ်းရေးစခန်းကို ပြောင်းရွှေ့ထိန်းသိမ်းခံထားရတာ တစ်နှစ်ခွဲကျော်ကြာမြင့် နေပြီဖြစ်တဲ့ ရေလုပ်သား ဦးညီညီနိုင်ကို RFA သတင်းထောက် ကိုဉာဏ်စိုးဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။