စစ်ဆေးရေးဝင်ချိန်မှာ စက်ယန္တရားများ တိမ်းရှောင်

0:00 / 0:00

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးကုမ္ပဏီတွေရဲ့စက်ယန္တရားတွေကို စစ်ဆေးရေးအဖွဲ့က လိုက်ပြီးစစ်ဆေးနေချိန်မှာ တချို့က ကားကြီးတွေ ကို ရွှေ့ပြောင်းနေတာတွေရှိသလို တောတောင်တွေကြားမှာ ဖွက်နေတာမျိုးတွေလဲ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီက သဘာဝပတ်ဝန်းကျင် ရေးရာ သင်တန်းပေးထားသူ ဖားကန့်ဒေသခံတွေက အဖွဲ့ ၁၆ ဖွဲ့ဖွဲ့ပြီး မှတ်တမ်းတွေ လိုက်ယူနေတယ်လို့ သိရပါတယ်။ ဖားကန့်ဒေသက အခြေအနေနဲ့ ပတ်သက်ပြီး မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးခင်မောင်ချင်းကို RFA ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။