ကပ်ဘေးကာလမှာ ကျင်းပရတဲ့ ရွေးကောက်ပွဲဖြစ်လို့ မဲပေးနှုန်းကျနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပေမယ့် ဒီကနေ့မှာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ မဲထွက်ပေးမှုနှုန်းများတာ လေ့လာ တွေ့ရှိရတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေတဲ့ Rain Maker အဖွဲ့ရဲ့ Project Coordinator ဒေါ်အိအိအေးက ပြောပါတယ်။ ဒေါ်အိအိအေးကို RFA သတင်းထောက် မဖြူဖြူခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။