SNLD အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်နဲ့ မေးမြန်းချက်

0:00 / 0:00

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD က ရှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းရေးအတွက် ကမ်းလှမ်းမှုတွေ ရှိလာတဲ့အခါ လက်ခံဆောင်ရွက်နိုင်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်SNLD ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေ ဒီနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

SNLD အနေနဲ့ ပြည်ထောင်စုအစိုးရမှာ ပါဝင်ရေးထက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှာ ပါဝင်ရေးကိုသာ စိတ်ဝင်စားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ အသိပေးထားတယ်လို့ SNLD အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

ဦးစိုင်းညွှန့်လွင်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။