ဒုတိယသမ္မတလောင်း တင်သွင်းတဲ့ အတွေ့အကြုံ မေးမြန်းချက်

0:00 / 0:00

နိုင်ငံတော်သမ္မတကို ရွေးချယ်ဖို့အတွက် လာမယ့် မတ်လ ၁၇ရက်နေ့မှာ ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ တင်သွင်းကြမှာဖြစ်ပြီး နောက်တစ်နေ့မှာ အဆိုပြုခံရသူတွေဟာ ဒုတိယသမ္မတလောင်း အရည်အချင်းနဲ့ကိုက်ညီမှုရှိ မရှိ စိစစ်ဖို့အတွက် လွှတ်တော်ကို တစ်ရက် ရပ်နားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယသမ္မတလောင်းအမည်စာရင်း တင်သွင်းမှုတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ အမျိုးသားလွှတ်တော်သက်တမ်းမှာ အတွေ့အကြုံရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။