နိုင်ငံတော် အတိုင်ပင်ခံရဲ့ ဗီယက်နမ် ခရီးစဉ်

0:00 / 0:00

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အာဆီယံ) ကို မနက်ဖြန် စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ၃ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။

အဲဒီဖိုရမ်မှာ မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံရေးအကြောင်းအရာတွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် က ပြောပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။