ကျောက်စိမ်းလုပ်ကွက်တွေကို သွားရောက်လေ့လာခဲ့တဲ့ ဦးတင့်စိုးနဲ့ မေးမြန်းချက်

0:00 / 0:00

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်မျက်လုပ်ငန်းရှင်တွေ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့အတူ ဖားကန့်ကျောက်စိမ်းတွင်းဒေသက ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တွေထဲ သွားရောက်လေ့လာခဲ့ပါတယ်။

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပြင်ဆင်ရေးအပါအဝင် ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေအကြား အပြန်အလှန်နားလည်မှုရှိရှိ လုပ်ကိုင်နိုင်ရေးအတွက် ကွင်းဆင်းညှိနှိုင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က ပြောပါတယ်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။