0:00 / 0:00
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အစိုးရတပ်မတော် နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး နှစ်ဘက်တပ်တွေ အရင်နေရာပြန်လည် ဆုတ်ခွာဖို့အတွက် သဘောတူညီမူရခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့ ကပြောပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီးစိုင်းဖုန်းဟန်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
