လေပြင်းကြောင့် စစ်ကိုင်းမှာ ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

0:00 / 0:00

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် ၉ မြို့နယ်မှာ မနေ့က လေပြင်းတိုက်ခတ်သွားခဲ့တဲ့အတွက် ဟုမ္မလင်းမှာ ကလေးငယ်တစ်ဦး သေဆုံးကာ ဒီပဲယင်းမှာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အမိုးလန် ပျက်စီးသွားတဲ့ နေအိမ် စုစုပေါင်း ၂ဝဝ နီးပါးရှိပြီး သက်ဆိုင်ရာတိုင်းဦးစီးမှူးတွေက သွားရောက် ထောက်ပံ့ပေးနေပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ကနဦးရရှိထားတဲ့ စာရင်းတွေနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။