ချင်းမိုင်မှာကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းအဝေး မေးမြန်း ချက်

0:00 / 0:00

အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ တိုင်းရင်းသားတွေ ရေးဆွဲထားတဲ့ ပင်လုံလက်စွဲစာတမ်းမှာပါတဲ့ ဖက်ဒရယ်မူအချက်တွေကို အခြေခံပြီး ဆွေးနွေးသွားဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့က ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်းက ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှုးကြီး စိုင်းငင်းကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။