တနိုင်း ဒေသခံ ၂၀၀၀ ကျော် ပိတ်မိနေတဲ့အကြောင်း မေးမြန်းချက်

0:00 / 0:00

ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လော့ကျေးရွာမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေဖြစ်ပွားမှုကြောင့် ပိတ်မိနေတဲ့ ဒေသခံ ၂၀၀၀ ကျော်ကို အမြန်ဆုံးလွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်အဖွဲ့က မနေ့က စာပေးပို့ တောင်းဆိုလိုက်ပါတယ်။

လက်ရှိ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ဒေသခံတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်အဖွဲ့ တည်ထောင်သူ ဒေါ်နန်ပူကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။