ရန်ကုန်မှာ နှာခေါင်းစည်းမတပ်သူကို လုပ်အားပေး ဒဏ်ခတ်မည်

ဗိုင်းရပ်စ်တွေ ပျံ့နှံ့ကူးစက်လွယ်တဲ့ ဆောင်းရာသီမှာ ကူးစက်မှုလျှော့နည်းအောင် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက ကြိုတင်ပြင်ဆင်နေပါတယ်။ ပြင်ဆင်နေတဲ့ နည်းလမ်းတွေထဲမှာ တစ်ခုကတော့ ဈေးတွေထဲကို နှာခေါင်းစည်းတပ်မလာရင် အပြစ်ပေးတဲ့အနေနဲ့ လူမှုကူညီရေး လုပ်အားပေး စေခိုင်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

ဈေးတွေထဲမှာ ကျန်းမာရေးဝန်ကြီးဌာနက အသိပညာပေး လက်ကမ်းစာစောင်တွေကို လိုက်ဖြန့်ဝေတာ၊ လိုက်လံဆော်သြတာ စတဲ့ လူမှုကူညီရေး လုပ်အားပေးတွေမှာ ပါဝင်စေမှာဖြစ်ပါတယ်။ ဒေါက်တာထွန်းမြင့်ကို RFA သတင်းထောက် မဇာဏီထွဏ်း က တွေ့ဆုံမေးမြန်းထားပါတယ်။