UPDJC အဖွဲ့ဝင် ဒေါ်စောမြ ရာဇာလင်းနဲ့ မေးမြန်းချက်

0:00 / 0:00

နေပြည်တော်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပြီးတဲ့နောက် ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာလည်း အမျိုးသားအဆင့် ငြိမ်းချမ်းရေးညီလာခံတွေ ဆက်လက်ကျင်းပမယ်လို့ သိရပါတယ်။

အဲ့ဒီညီလာခံတွေကျင်းပဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းကို အာအက်ဖ်အေသတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။