ရန်ကုန်မှာ ဆေးရုံ၊ဆေးခန်း မလောက်လို့ ကိုဗစ်သံသယလူနာတွေကို အိမ်ပြန်လွှတ်နေရ

စောဖိုးခွား
2020.09.25

ဆေးရုံ၊ ဆေးခန်းတွေမှာ လူနာစောင့်ကြည့်ဖို့ နေရာ၊ ပစ္စည်းနဲ့ လူအင်အား မလုံလောက်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ထားတယ်လို့ သံသယရှိလူနာတွေကို နေအိမ်ကို ပြန်လွှတ်နေရတယ်လို့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဖျားနာဆေးခန်း (Fever Clinic) မှာ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကူအညီနဲ့ ဖွင့်လှစ်ထားတဲ့ မရမ်းကုန်း ဖျားနာဆေးကုခန်းမှာ ရောဂါကူးစက်ခံထားရတဲ့ လက္ခဏာရှိ လူနာအရေအတွက်ဟာ တစ်နေ့ အယောက် ၅၀ ခန့်ရှိပြီး အများစုဟာ နှာခေါင်းက အနံ့မရတဲ့ လက္ခဏာရှိနေကြပေမယ့် ဆေးရုံဆေးခန်းတွေမှာ ထားစရာနေရာမရှိလို့ အိမ်ပြန်လွှတ်နေရတယ်လို့ ဆေးခန်းမှာ စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာမြတ်မင်းဦးက သူ့ရဲ့ Facebook မှာရေးသားထားပါတယ်။

ဒေါက်တာမြတ်မင်းဦးကို RFA ဝိုင်းတော်သားစောဖိုးခွားက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။