မုန်တိုင်းကြောင့် မိုကြီးနိုင်

2016-05-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ 01B မုန်တိုင်းရဲ့ အင်အားနဲ့ ရွှေ့လျားမယ့်လမ်းကြောင်း ကြိတင်ခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ 01B မုန်တိုင်းရဲ့ အင်အားနဲ့ ရွှေ့လျားမယ့်လမ်းကြောင်း ကြိတင်ခန့်မှန်းချက်
Photo : U Tun Lwin (facebook)

ဘင်္ဂလားပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ 01B (ဇီးရိုးဝမ်းဘီ) လို့ခေါ်တဲ့ မုန်တိုင်းဟာ လာမယ့် ၄၈ နာရီအတွင်း အားကောင်းလာနိုင်ပြီး ရခိုင်ကမ်းရိုးတန်းဒေသတွေဘက်ကို မုန်တိုင်းအဖျားခတ်ပြီး မိုးကြီးနိုင်တဲ့အတွက် သတိထားကြဖို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဒေသ အတော်များများမှာလည်း မိုးကြီးနိုင်ပြီး လေပြင်းတိုက်တာတွေလည်း ဖြစ်နိုင်လိမ့်မယ်လို့ ခန့်မှန်းကြောင်း ဦးထွန်းလွင် က အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းမှာ မုန်တိုင်းဗဟိုချက် မဖြတ်သန်းပေမယ့်လို့ မုန်တိုင်းအဖျား ခတ်တာကို ခံရဖွယ်ရှိပါတယ်၊ ရေဒဏ်၊ လေဒဏ်၊ မိုးဒဏ်တွေ၊ လှိုှုင်းဒဏ်တွေကို ခံရဖွယ်ရှိပါတယ်၊ မုန်တိုင်းဖြတ်သန်းစဉ် အများဆုံး ရခိုင်ပြည်နယ်မြောက်ဘက်အစွန်းမှာ ကြုံတွေ့နိုင်တဲ့ လေတိုက်နှုန်းဟာ တစ်နာရီ မိုင် ၃ဝ မှ ၄ဝ အတွင်းရှိပါတယ်၊ လှိုင်းအမြင့်ကတော့ ၁၄ ပေလောက်ရှိပါတယ်၊ မိုးကတော့ ၂၄ နာရီအတွင်းမှာ အနှံ့အပြား ရွာနိုင်ပြီးတော့ ဒေသအလိုက် မိုးကြီးနိုင်ပါတယ်"

အဲ့ဒီမုန်တိုင်းဟာ လာမယ့် မေလ၂၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကမ်းခြေကိုဗဟိုပြုပြီး ဝင်ရောက်နိုင်တယ်လို့ ပြောပါတယ်။

လက်ရှိမှာမြန်မာနိုင်ငံတောင်ပိုင်းကို မုတ်သုန်လေဝင်ရောက်နေပြီး မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေ မှာ မုန်တိုင်းနဲ့အတူ မုတ်သုန်လေပါ တိုက်ခတ်နိုင်တယ်လို့ ပြောပါတယ်။

ဘင်္ဂလားပင်လယ်ပြင်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ လာမယ့် ၄၈ နာရီအတွင်း အားကောင်းလာနိုင်ပြီး ရခိုင်ကမ်းရိုးတန်းဒေသတွေဘက်မှာ မုန်တိုင်းအဖျားခတ်ပြီး မိုးကြီးနိုင်တဲ့အတွက် သတိထားကြဖို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားလိုက်ပါတယ်။

ဦးထွန်းလွင် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့