စစ်အာဏာသိမ်း ၅ နှစ်ပြည့် မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်မှာ ဆန္ဒပြ

သိန်းနှင့်ချီသည့် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖြိုခွဲနှိမ်နင်းခဲ့အပြီး ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် စစ်အာဏာသိမ်းဆန့်ကျင်သူများ ထောင်နဲ့ချီအဖမ်းခံခဲ့ရ။

စစ်အာဏာသိမ်း ၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေကို မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ဖားကန့်နဲ့ မော်လိုက်ထောင်တွေမှာ ပြုလုပ်ကြတယ်လို့ သတင်းရရှိပါတယ်။

၂၀၂၆ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်မှာ မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့ လက်ပံတောင်းတောင် သပိတ်စစ်ကြောင်းတို့ပေါင်းပြီး လမ်းပေါ်မှာ ချီတက်ဆန္ဒပြတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။ အလားတူ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်း စုံသပိတ်ကော်မတီနဲ့ ယင်းမာပင်မြို့နယ် အမျိုးသမီးသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး

ပုသိမ်မုံရွာလမ်းပိုင်း မြောက်ယမားတံတားအနီးမှာ ဆန္ဒပြကြတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း ဒေသခံတွေက စစ်အာဏာသိမ်းဆန္ဒပြပွဲ လို့ သိရပါတယ်။ အလားတူ မော်လိုက်-ကလေး အကျဉ်းထောင်မှာလည်း အကျဥ်းသားတွေက ဆန္ဒပြခဲ့တယ်လို့ သိရပါပြီး သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။