ပြည်တွင်းစစ်မီးလျှံကြားက သဘင်အနုပညာရှင်မလေး

စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ် - ၁၁

ဒီတစ်ပတ်အစီအစဉ်မှာတော့ ကယားပြည်နယ်က အပျက်အစီးတွေကြားမှာ သဘင်ပညာကို အသုံးပြုပြီး မြန်မာ့ပြည်တွင်းစစ်အခြေအနေကို နိုင်ငံတကာနဲ့ ပြည်သူတွေသိရှိအောင် ကြိုးစားနေတဲ့ မရာလေး နဲ့ စကားပြောထားပါတယ်။

မရာလေးဟာ ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှာ ကျောင်းတက်နေရင်း စစ်အာဏာသိမ်းတဲ့အချိန်မှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) မှာ ပါဝင်ပြီး ကယားပြည်နယ်ဘက်ကို ရောက်လာခဲ့သူဖြစ်ပါတယ်။