ICJ ဆုံးဖြတ်ချက်ကြောင့် မြန်မာနဲ့ သံတမန်ဆက်ဆံရေး မပြောင်းလဲဘူးလို့ ထိုင်းပြော

မြန်မာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်တဲ့မူဝါဒအတိုင်းပဲ ထိုင်းနိုင်ငံအနေနဲ့ ဆက်လက်ရပ်တည်သွားရမှာပါလို့ ထိုင်းဝန်ကြီချုပ်က ပြောပါတယ်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်း မြန်မာနိုင်ငံကို ICJ က ဆုံးဖြတ်ခဲ့ပေမယ့် မြန်မာနိုင်ငံ အပေါ်ထားတဲ့ သံတမန်ဆက်ဆံရေးကို အပြောင်းအလဲမရှိ ဆက်ပြီးထိန်းသိမ်းသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ် (Anutin Charnvirakul) က နိုဝင်ဘာလ ၂၁ ရက်နေ့က ပြောလိုက်ပါတယ်။

မြန်မာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်တဲ့မူဝါဒအတိုင်းပဲ ထိုင်းနိုင်ငံအနေနဲ့ ဆက်လက်ရ ပ်တည်သွားရမှာပါ… လို့ ဘန်ကောက်မြို့ အစိုးရအိမ်တော် သတင်းစာရှင်းပွဲမှာ ထိုင်းဝန်ကြီချုပ်က ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ICJ က ဘယ်လို ဆုံးဖြတ်ပါစေ၊ နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းသွားမှာဖြစ်ပြီး ကျန်တဲ့နိုင်ငံတွေအနေနဲ့ သူတို့ကိုယ်ပိုင်ရပ်တည်ချက်နဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကြမှာပါပဲလို့လည်း သူကပြောပါတယ်။

“မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံတာဟာ နောက်ဆုံးမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လျော့ကျရေး၊ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် အားလုံးပါဝင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လူသားချင်းစာနာမှု အထောက်အကူပေးနိုင်ရေးတွေအတွက် အပြုသဘောဆောင်ရွက်မှုပါပဲ” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖုဝမ်ကက်ကိရောက် (Sihasak Phuangketkeow) က ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီရေးအတွက် နှစ်စဥ် အမေရိကန်‌‌ဒေါ်လာ ၁ သန်း လှူဒါန်းထည့်ဝင်နေတယ်လို့လည်း ပြောပါတယ်။