မြို့ပျက်ကြီးထဲက လွတ်မြောက်ရေးတိုက်ပွဲ

စိန်ခေါ်ချက်များနဲ့ မြန်မာလူငယ် - ၁၉

ဒီတစ်ပတ်အစီအစဉ်မှာတော့ လားရှိုးထောင်မှာ ၁၀ နှစ်ကျနေရင်း၊ လားရှိုးမြို့ကို တော်လှန်ရေးတပ်တွေသိမ်းယူလိုက်တဲ့ ၂၀၂၄ ခုနှစ်က လွတ်မြောက်လာတဲ့ အလင်းသခင် ဆိုတဲ့လူငယ်နဲ့စကားပြောထားပါတယ်။

သူဟာ စစ်တပ်အာဏာမသိမ်းခင်က လူမှုကွန်ရက်စာမျက်နှာမှာ ဟာသဗီဒီယိုတွေ ဖန်တီးရင်း လူသိများထင်ရှားခဲ့တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။ အာဏာသိမ်းလိုက်တဲ့နောက်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကိုထောက်ပံ့မှုနဲ့ ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခံရပြီး လားရှိုးထောင်မှာနေခဲ့ရပါတယ်။

အပြည့်အစုံကို RFA Burmese Website, YouTube နဲ့ Facebook မှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။