ချင်းပြည်နယ်နဲ့ ကလေး - ကဘော် - ဂန့်ဂေါ စတဲ့ ဒေသတွေက မြို့နယ်ပေါင်း ကိုးခုမှာ ဖေဖော်ဝါရီကနေ ဇူလိုင်လအထိ အချိန် ခြောက်လအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ပေါင်း ၂၂၀ ထိ ဖြစ်ပွားခဲ့တယ်လို့ CDF အဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ Chinland Joint Defense Committee က ဩဂုတ်လ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၉၂၇ ဦး သေဆုံးခဲ့သလို ဒေသကာကွယ်ရေး အဖွဲ့တွေဘက်ကလည်း ၅၃ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအရေအတွက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်အတွင်းက ကျေးရွာပေါင်း ၃၀၀ ကျော်ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ချင်းရေးရာအဖွဲ့ ချုပ်က ပြောဆိုထားပါတယ်။