မြန်မာ ၂၅၉ ဦး ပြန်ပို့လိုက်ကြောင်း မဏိပူရ်ဝန်ကြီးချုပ်ပြော

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ တရားမဝင်နေထိုင်လို့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၇၄၆ ဦးထဲက ၂၅၉ ဦးကို ကိုယ်ရေးအချက်အလက်တွေယူပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြန်ပို့လိုက်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အန် ဘီရန်ဆင်းကပြောတဲ့အကြောင်း India Tribune သတင်းမှာ မတ်လ ၄ ရက်နေ့က ဖော်ပြထားပါတယ်။

ကျန်တဲ့ ဒုက္ခသည် ၆၄၈၇ ဦးကို ယာယီစခန်းတွေမှာ ပို့ထားတယ်လို့ ပြောပါတယ်။ အဲဒီလူတွေအားလုံးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ထွက်ပြေးသွားတဲ့သူတွေဖြစ်ပြီး ဒီလူတွေကို ဒေသခံတွေနဲ့ ရောထွေးမသွားအောင် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ သူတို့ထဲက ၂၁၃ ဦးက ပြည်နယ်ထဲမှာဖြစ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခကြားမှာ သေဆုံးသွားတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

သေဆုံးသွားတဲ့သူတွေထဲမှာ အမျိုးသမီး နှစ်ဆယ်နဲ့ ကလေး ရှစ်ဦးပါတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးမကောင်းတဲ့ ၁၁၄ ဦးနဲ့ ကျန်တဲ့သူတွေကိုလည်း ပြန်ပို့ဖို့ဆောင်ရွက်နေပြီး ကိုယ်ရေးအချက်အလက်တွေ စိစစ်အတည်ပြုပြီးတာနဲ့ ပြန်ပို့မယ်လို့ပြောပါတယ်။