နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်

ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ နောက်ဆုံးအကြိမ် အဖမ်းခံရတဲ့ ၄ နှစ်မြောက်နေ့အဖြစ် ဒီနေ့ သြဂုတ် ၂၁ ရက်နေ့မှာ ၈၈ မျိုးဆက် ကျောင်းသားတွေ ဦးစီးပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

2011.08.21
88-leaders-in-hands-305-z ၈၈ မျိုးဆက် ကျောင်းသာ းခေါင်းဆောင်များ ၂၀ဝ၆ခုနှစ် ဇူလိုင် ၁၉ရက် အာဇာနည်နေ့က အာဇာနည် ဗိမာန်သို့ အလေးပြုရန် စုဝေး သွားရောက်နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (ရှေ့တန်း ဝဲမှယာ) ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုမင်းကိုနိုင်။ (Photo: AFP)
AFP

ဒီဆုတောင်းပွဲကို ကိုမင်းဇေယျနေအိမ်မှာ ပြုလုပ်တာဖြစ်ပြီး ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ အပါအဝင် စုစုပေါင်း ပရိသတ် ၅ဝ လောက် တက်ရောက်ခဲ့ကြကြောင်း ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်တဲ့ ကိုဇာနည်က ပြောပြပါတယ်။

“အဓိကတော့ အကျဉ်းထောင် အသီးသီးမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ ဆိုပြီး ကျနော်တို့ ဆုတောင်းတယ်”

ဒီပွဲနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက တစုံတရာ ဟန့်တားတာ မရှိဘူးလို့ သိရပါတယ်။

ဒီအကြောင်း အသေးစိတ်ကို ဒေါ်ညိုညိုက စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။