ကရင်အာဇာနည်နေ့ အစီအစဉ် ရန်ကုန်မြို့လယ်မှာ ပြုလုပ်ဖို့ သဘောတူညီချက်ရရှိ

2020-08-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ၂၀၁၉၊ သြဂုတ် ၁၂ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပစဉ်
၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ၂၀၁၉၊ သြဂုတ် ၁၂ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပစဉ်
ဓါတ်ပုံ - သန့်ဇင်ဦး/ RFA

လာမယ့် သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်မယ့် နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပဖို့ သဘောတူညီချက်ရထားပြီလို့ ကရင်လူငယ် တက်ကြွလှုပ်ရှားသူ စသိန်းဇော်မင်းက ပြောပါတယ်။

အခမ်းအနားကို ကျင်းပဖို့အတွက် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ခွင့်ပြုချက် တင်ပြခဲ့ပြီး အခမ်းအနားကို ကပ်ဘေးကာလအတွက် ချမှတ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ၁၅ ယောက်ထက်မပိုဘဲ ကျင်းပသွားမှာဖြစ်ပြီး ငြိမ်းစုစီနဲ့ပတ်သက်လို့ ပြောဆိုမှုတွေ မရှိခဲ့ဘူးလို့ ပြောပါတယ်။

ကရင်အာဇာနည်နေ့ အစီအစဉ် ပြုလုပ်ခွင့်အတွက် ပွဲစီစဉ်သူတွေဟာ ကျောက်တံတားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန၊ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့တို့နဲ့ ဒီနေ့တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး သဘောတူညီမှုရရှိခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၉ ခုနှစ်က   ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မှာ ကျင်းပခွင့် တောင်းခံခဲ့ပေမယ့် တိုင်းအစိုးရက ခွင့်မပြုခဲ့ပါဘူး။ ခွင့်ပြုချက်မရဘဲ အခမ်းအနား ကျင်းပခဲ့ရာမှာ ဦးဆောင်ခဲ့ကြတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ခေါင်းဆောင် ဒေါ်နော်အုန်းလှ အပါအဝင် ကရင်လူငယ် နှစ်ဦးဖြစ်တဲ့ စသိန်းဇော်မင်း၊ စောအဲလ်ဘက်ချိုတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ငြိမ်းစုစီပုဒ်မ ၂၀ နဲ့ အရေးယူခဲ့ပါတယ်။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့တဲ့နေ့ကို အထိမ်းအမှတ်ပြုပြီး နှစ်စဉ် သြဂုတ်လ ၁၂ ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် ကရင်တိုင်းရင်းသားတွေက သတ်မှတ်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့