ပလက်ဝမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်


2019.01.20
aa-soldiers-622.jpg ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ် တရာအိုင်ရွာရဲ့ အနောက်မြောက်ဘက်မှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ မနေ့က ဇန်နဝါရီလ ၁၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

မနေ့က နေ့လယ်ပိုင်းမှာ ရှင်မလိန်ရွာနဲ့ တရာအိုင်ရွာအကြားမှာ တိုက်ပွဲဖြစ်ကြတာလို့ AA သတင်းပြန်ကြားရေး တာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ဘဲ မနေ့ကမှ ပြန်လည်ဖြစ်ပွားခဲ့ကြတာလို့ ပြောပါတယ်။

နှစ်ဖက်ထိခိုက်ကျဆုံးမှု အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။  မနေ့က တိုက်ပွဲဖြစ်ပွားမှု အခြေအနေနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းကဖြစ်ပြီး နှစ်လနီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စုစုပေါင်း ၆ ထောင်လောက်ရှိနေပြီး အတော်များများဟာ သူတို့နေရပ်ဆီ မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။