စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေကို ရခိုင့်တပ်တော် AA ရှုတ်ချ

2021-03-23
Share
စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေကို ရခိုင့်တပ်တော် AA ရှုတ်ချ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။
Photo: Reuters

အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ရခိုင့်တပ်တော် AA လည်း ပါဝင်လာပါပြီ။ စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲနေတာတွေကို ရှုတ်ချတယ်လို့ ရခိုင့် တပ်တော် AA ကပြောလိုက်တဲ့အကြောင်း Reuters သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း အပြစ်မဲ့ပြည်သူတွေ ပစ်သတ်ခံနေရတာဟာ အင်မတန် စိတ်မကောင်းစရာဖြစ်ကြောင်း၊ မြန်မာ စစ်တပ်နဲ့ ရဲတွေရဲ့လတ်တလောလုပ်ရပ်တွေက အင်မတန်ရက်စက်ပြီး လက်ခံနိုင်စရာမရှိကြောင်းနဲ့ ရခိုင့်တပ်တော် AA ဟာ ပြည်သူတွေနဲ့ အတူရှိနေကြောင်း AA အဖွဲ့ ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ဆိုပါတယ်။

အဖိနှိပ်ခံ ရခိုင်ပြည်သူတွေအတွက် AA က ဆက်လက် ရပ်တည်သွားမှာဖြစ်ပြီး ဖိနှိပ်မှုတွေကနေ လွတ်မြောက်ရေး အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတွေနဲ့ အတူဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ရခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။

AA အဖွဲ့ဟာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်တာ မရှိတော့လို့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာကို ပြန်ပြီး ရုပ်သိမ်းတယ်လို့ အာဏာသိမ်းစစ်ကောင်စီက မတ်လ ၁၁ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ AA တို့ အကြားမှာ တိုက်ပွဲတွေ မဖြစ်တာလည်း လအတော်ကြာလာခဲ့ပါပြီ။

တနိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အကြမ်းဖက်အဖွဲ့အဖြစ်က ရခိုင့်တပ်တော် AA ကို ရုပ်သိမ်းခဲ့တာလို့ စစ်ကောင်စီက ပြောထားပါတယ်။

ဦးကျော်မြင့် LA ကယ်လီဖိုးနီးယာ:USA
ဦးကျော်မြင့် LA ကယ်လီဖိုးနီးယာ:USA says:
2021-03-25 14:42

အာဏာလုစစ်ကောင်စီ၏ကောင်းကောင်းဆိုးဆိုး အမိန့်နှင့် လုပ်ရန် မှန်သမျှသည် ရိုးသားလှသောပြည်သူအများ၏ ဆန္ဒနှင့် လုံးဝ ဆန့်ကျင်ပြီး တိုင်းပြည်အတွက်လဲအကျိုးမဲ့မှုများသာ ဖြစ်စေမှုကြောင့် ယနေ့ ယရက်ခုချိန်ကစ၍ လိုက်နာ မလိုအပ်တော့ကြောင်းနှင့် စစ်မှန်သော ပြည်သူအပေါင်းလိုလားသည့် အစိုးရ ပေါ်ပေါက်ပြီး စစ်အာဏာရှင် ကျဆုံး အဖြစ် ပေးခံရသည်အထိ ဖြစ်ရမည်။
အရေးတော်ပုံအောင် ရမည်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့