ရခိုင်ပြည်နယ် စစ်ကောင်စီဝန်ကြီးတွေကို AA သတိပေး

2022.08.11
Share on WhatsApp
Share on WhatsApp
ရခိုင်ပြည်နယ် စစ်ကောင်စီဝန်ကြီးတွေကို AA သတိပေး ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
Photo: Arakan Army

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပြည်သူတွေကို အခက်အခဲအကျပ်အတည်းတွေဖြစ် အောင်နဲ့ မတရား ဖိနှိပ်တာတွေကို စနစ်တကျလုပ်ဆောင်နေပြီး ဒါတွေကို စစ်ကောင်စီခန့် ဝန်ကြီးတွေက မျက်ကွယ်ပြုထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခ က ဒီနေ့ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ကုန်စည်စီးဆင်းမှုရပ်တန့်အောင် လုပ် ဆောင်နေသလို ပြည်သူတွေကို မတရားဖမ်းဆီးတာတွေနဲ့ ဒုက္ခသည်တွေအတွက် လှူဒါန်း မှုတွေကိုပါ ပိတ်ပင်ထားတာလို့ ဆိုပါတယ်။

ဒါကြောင့် ရခိုင်စစ်ကောင်စီဝန်ကြီးတွေအနေနဲ့ စစ်ကောင်စီအလိုကျ ပြည်သူတွေကို အခက်အခဲတွေဖြစ်အောင် ဆက်ပြီး လုပ်ဆောင်နေမယ်ဆိုရင် တော်လှန်ရေးလိုအပ် ချက်အရ ကိုင်တွယ်သွားမယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

“စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် အစိုးရထဲမှာပါဝင်တဲ့ ဝန်ကြီးတွေအနေနဲ့ ပြည်သူလူထု ဆန့်ကျင်ဘက် အာဏာပါဝါ လုပ်ပိုင်ခွင့်နဲ့သာယာနေပြီး စစ်ကောင်စီအလိုကျ ပြည်သူ လူထုကို ဆက်လက်ပြီး ဒုက္ခပေးနေမယ်ဆိုရင် အခြေအနေရဲ့ လိုအပ်ချက်၊ တော်လှန် ရေးလိုအပ်ချက်၊ ပြည်သူ့လုံခြုံရေးလိုအပ်ချက် ရက္ခိတလမ်းစဉ်နဲ့အညီ လိုအပ်သလို ကိုင်တွယ်သွားမယ်ဆိုတာကို အရင်ကလည်း သတိပေးခဲ့ပြီးပြီ၊ အခုလည်း ပြင်းပြင်း ထန်ထန် ပြတ်ပြတ်သားသား သတိပေးတယ်”

စစ်ကောင်စီတပ်ဟာ စစ်တွေနဲ့ အမ်း ကားလမ်းမတစ်လျှောက်မှာ စစ်ဆေးရေးဂိတ် ၁၅ ခုအထိဖွင့်ပြီး ကားတွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးတာတွေ၊ ပြည်သူတွေခရီးသွား လာရေး၊ ကုန်စည်စီးဆင်းရေး နှောင့်နှေးကြန့်ကြာအောင်၊ စားနပ်ရိက္ခာတွေ သယ်ယူ မရအောင် လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီဟာ စစ်ဘေးဒုက္ခသည်တွေကို ရိက္ခာပုံမှန်မထောက်ပံ့သလို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ဘေးဒုက္ခသည်တွေအတွက် နိပွန်ဖောင်ဒေး ရှင်းကနေ လှူဒါန်းထားတဲ့ ဆန်အိတ် ပေါင်း ၅၅,၀၀၀ ကျော်ကိုလည်း ပိတ်ပင်ထားတယ် လို့လည်း ဦးခိုင်သုခက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်ကောင်စီဝန်ကြီးတွေကို သတိပေးပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကို သိရဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့မြို့နယ် တွေက စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းကို ရက္ခိုင့်တပ် တော် (AA) က ဖမ်းဆီးပြီးနောက် စစ်ကောင်စီ တပ်ကလည်း အရပ်သား ၄၀ ကျော်ကို လည်း ပြန်လည်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။