ဒေါပုံမြို့နယ်မှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ ပစ်သတ်ခံရ

2021.09.21
ဒေါပုံမြို့နယ်မှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ ပစ်သတ်ခံရ ဒေါပုံမြို့နယ်ရဲစခန်းအနီးမှာ ၂၀၂၁ စက်တင်ဘာ ၂၁ ရက်နေ့က ပစ်သတ်ခံရတဲ့ ဦးလွင်မျိုးဦး ကို တွေ့ရစဥ်
Photo: TKT-NEWS
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဒေါပုံမြို့နယ်ရဲစခန်းအနီးမှာ စက်တင်ဘာလ ၂၁ ရက် ဒီနေ့ မနက် ၉ နာရီဝန်းကျင်ခန့်က စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ ဦးလွင်မျိုးဦး ကို အမည်မသိ အဖွဲ့တစ်ခုက ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
"ပစ်ခတ်မှုဖြစ်တယ်ကြားတယ်၊ ကျနော် အဲဒီရှေ့ကဖြတ်လာတော့ စစ်ကောင်စီတပ်သားတွေ အနည်းဆုံး ၆၀ ဝန်းကျင်လောက်ရှိမယ်၊ အများကြီးပဲ တွေ့ခဲ့တယ်” လို့ ဒေါပုံမြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
 
သင်္ဘောကျင်းမှတ်တိုင်အနီးက သူဌေးမဘီယာဆိုင်ရှေ့နားမှာ အမျိုးသမီးဖြစ်သူကိုလိုက်ပို့ရင်း အပစ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
 
ဦးလွင်မျိုးဦးဟာ ဒေါပုံမြို့နယ်မှာ စစ်ကောင်စီသတင်းပေး ဒလံလုပ်နေတာလို့ နာမည်ထွက်နေပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။