စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့မှုတွေဆက်ရှိနေတယ်လို့ AI အဖွဲ့ထုတ်ပြန်

RFA Burmese
2024.07.08
စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့မှုတွေဆက်ရှိနေတယ်လို့ AI အဖွဲ့ထုတ်ပြန် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က လေတပ် (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်လာသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Photo: Myanmar Military

နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့နေကြပေမဲ့ မြန်မာစစ်တပ်လက်ထဲ လေယာဉ်ဆီတွေ ဆက်ရောက်နေသေးတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဇူလိုင်လ ၈ ရက် ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒီနှစ်အစောပိုင်းခြောက်လအတွင်း မြန်မာစစ်တပ်လက်ထဲ လေယာဉ်ဆီတင်ပို့မှု အနည်းဆုံးနှစ်ကြိမ်ကနေ သုံးကြိမ်အထိ ရှိခဲ့တယ်လို့ ပြောထားပါတယ်။

တရုတ်အစိုးရပိုင် CNOOC Trading (Singapore) Pte. Ltd၊ စင်ကာပူအခြေစိုက် Sahara Energy International Pte. Ltd နဲ့ တခြားကုမ္ပဏီတွေ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။

အဲဒီကုမ္ပဏီတွေဟာ HUITONG78 လို့ခေါ်တဲ့ တရုတ်ဆီတင်သင်္ဘောကြီးနဲ့ ဗီယက်နမ်နိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံထဲပို့နေတာလို့ AI အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တတိယအခေါက်တင်ပို့တာကတော့ အာရပ်စော်ဘွားများနိုင်ငံ UAE ဘက်ကဖြစ်နိုင်ချေရှိတယ်လို့လည်း ပြောထားပါတယ်။

မြန်မာစစ်တပ်ဟာ လေကြောင်းသုံးပြီး အရပ်သားပြည်သူတွေကို တိုက်ခိုက်နေတာကြောင့် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတော်တော်များများက လေယာဉ်ဆီပိတ်ဆို့ဖို့ တောင်းဆိုထားတာပါ။

စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်တဲ့ လုပ်ရပ်တွေ ထပ်တိုးလာနေတယ်လို့လည်း AI အဖွဲ့ကပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တစ်နယ်တည်းမှာတင် ပြီးခဲ့တဲ့ဇွန်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄၉ ယောက် သေဆုံးပြီး ၁၀၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။