ဦးပညာစာရကို ဖမ်းဆီးထား၍ ရခိုင်တိုင်းရင်းသားများ မကျေနပ်

ရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းက သမိုင်း သုတေသီ ကျောင်းထိုင် ဆရာတော် ဦးပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့က လူဝတ်လဲ ဖမ်းဆီးထားတဲ့အတွက် ဒေသခံတွေက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို သဘောထားနဲ့ အကြံပြုချက်တွေ ထုတ်ဖော်ခဲ့ကြတယ်လို့ အဲဒီပါတီက သတင်း ထုတ်ပြန်ပါတယ်။

2010-08-11
Share
ဆရာတော်ကို တရားစီရင်ရာမှာ ထိုက်သင့်တဲ့ ဥပဒေ အခွင့်အရေးတွေ ပေးအပ်ဖို့။ ဆရာတော် ပြုစုခဲ့တဲ့ ရခိုင်သမိုင်းဝင် ပေစာ၊ ကျမ်းစာ၊ ဒင်္ဂါးပြား အစရှိတ ဲ့ပစ္စည်းတွေကို ရခိုင်ဒေသမှာပဲ ထားရှိဖို့ စတဲ့ ရခိုင်ပြည်သူတွေရဲ့ သဘောထား ဆန္ဒတွေကိုလည်း ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိန်းသိမ်းခံဆရာတော်ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ စစ်တွေမြို့က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။