မြိုတိုင်းရင်းသားတစ်ဦး ဖမ်းဆီးခံရ


2019.01.21
kyauktaw-622.jpg ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မြိုတိုင်းရင်းသား ဦးထွန်းနု ကို ပြီးခဲ့တဲ့နှစ်ရက်လောက်က အမည်မသိ လက်နက်ကိုင်တစ်ဖွ့ဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြိုတိုင်းရင်း သားတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ကတည်းက လက်နက်ကိုင်တဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဒေသမှာရှိတဲ့ အစိုးရတပ်စခန်းကို ဒေသခံတွေက မေးမြန်းစုံစမ်းရာမှာတော့ ဖမ်းဆီးထားခြင်းမရှိကြောင်း ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ် သက်ပြီး AA နဲ့ တပ်မတော်ကို RFA က ဆက်သွယ်လို့မရသေးပါဘူး။

ဒီတောင်မင်းကုလားကျေးရွာဟာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေကြောင့် ယိုးချောင်းအထက်ပိုင်းကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် မြိုတိုင်းရင်းသားတွေ ခိုလှုံနေတဲ့ ကျေးရွာဖြစ်ပြီး ဦးထွန်းနုဟာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူဖြစ်တယ်လို့ သိရပါတယ်။

မနေ့ကတော့ ကန်စောက်ရဲစခန်းမှာ လူပျောက်နဲ့ အမှုဖွင့်တိုင်တန်းထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။