လူကုန်ကူးမှုတားဆီးရေး အာဆီယံ ဆွေးနွေး

လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်း အစည်းအဝေးကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တယ်လို့ Jakarta Globe သတင်းက သြဂုတ် ၁၅ ရက်မှာ ဖော်ပြပါတယ်။

လူကုန်ကူးမှုပြဿနာကို အာဆီယံက အလေးပေးဖို့လိုအပ်တယ်လို့ အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူက ဒီလ ၁၄ ရက်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ပြောကြားပါတယ်။

၂၀၂၀ က ၂၀၂၃ အတွင်း အရှေ့တောင်အာရှ ဒေသတွင်းက အင်ဒိုနီးရှားကိုယ်စားလှယ်တွေဟာ လူကုန်ကူးမှု ၂၄၀၀ ကျော်ကို ကိုင်တွယ်ခဲ့ရပြီး ကမ္ဘောဒီးယား ၁၂၀၀ ကျော်၊ မြန်မာက ၂၀၀ ကျော်၊ လာအိုက ၂၇၀ ကျော်နဲ့ ထိုင်း၊ ကျန်တာတွေက ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေအမှုတွေ ဖြစ်ပါတယ်။

၂၀၂၁ တုန်းက ကမ္ဘောဒီယားနိုင်ငံသားတွေ လူကုန်ကူးခံရမှု ၁၁၆ မှုနဲ့ မြန်မာက ၇၇ မှုရှိခဲ့တယ်လို့ ပြောပါတယ်။