ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေးတို့ ပါဝင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ခေါင်းဆောင် ၉ ယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ကြတာပါ။ နှစ်ဦးနှစ်ဘက် မတွေ့ကြရတဲ့ကာလ အတွင်း အတွေ့အကြုံတွေ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း ညစာ အတူ စားခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ဝန်းရံ ကူညီသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်နဲ့ ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
0:00 / 0:00