စားသောက်ကုန်အန္တရာယ် တရုတ် အမည်မသုံးဖို့ ကာကွယ်

2014-10-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထိခိုက်ပျက်ပြားစေနိုင်တဲ့အတွက် မြန်မာဈေးကွက် အတွင်းက အများပြည်သူ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ တရုတ်နိုင်ငံထုတ်  မုန့်မျိုးစုံနဲ့ စားသောက်ကုန်တွေကို တရုတ်နိုင်ငံက တင်သွင်းတယ်လို့ မပြောဆို မသုံးနှုန်းဘဲ တစ်ဖက်နိုင်ငံက တင်သွင်းတယ်လို့သာ သုံးနှုန်းကြဖို့ နေပြည်တော်အာဏာပိုင်တွေက သတိပေးညွှန်ကြားထားတယ်လို့ သိရပါတယ်။

မြန်မာဈေးကွက်အတွင်းက စားသုံးဖို့မသင့်တဲ့ မုန့်တွေကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး အသင်း က မီးရှို့ဖျက်ဆီးနေတဲ့အတွက် နေပြည်တော်ကောင်စီက တားမြစ်ထားသလို၊ နေပြည်တော် အခြေစိုက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူ ရေးရာ ဦးစီးဌာနကလည်း သတိပေးထားတယ်လို့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က RFA ကို ပြောပါတယ်။

"အန္တရာယ်ရှိတဲ့ မုန့်တွေပေါ့ ပြည်တွင်းထုတ်လည်းပါတယ်၊ တရုတ်ကတင်သွင်းတာတွေလည်းပါတယ်၊ အဲ့ဒါတွေကို ကျနော်တို့ နေပြည်တော်ကောင်စီကနေပြီးတော့ နေပြည်တော် ပျဉ်းမနား တာဝန်ခံ ဦးသူရဇော်ခေါ်ပြီးတော့ ဒီလိုဆက်လုပ်နေရင်တော့ တရုတ်နဲ့ စစ်ဖြစ်အောင်လုပ်နေတာလား၊ အဲ့ဒီတော့ လုပ်ခွင့်ပြုချက်မရရင် ဆက်မလုပ်ပါနဲ့တော့ဆိုပြီး တားမြစ်တာတွေရှိတယ်၊ ပြီးခဲ့တဲ့ ၃၀ ရက်နေ့ကတော့ စားသုံးသူများဦးစီးဌာန နေပြည်တော်က ဦးခင်ဇော်နဲ့ ကျနော်တို့နဲ့ စားသုံးသူရေးရာဆွေးနွေးတဲ့အချိန်မှာ တရုတ်သံရုံးကနေပြီးတော့ ကျနော်တို့ ဒီမြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဆီ  သံတမန်နည်းနဲ့စာပို့တယ်ပေါ့ဗျာ၊ ကျနော်တို့ စားသုံးသူကာကွယ်ရေးအသင်းက နေပြည်တော်မှာ သိမ်းဆည်းဖျက်ဆီးတာတွေ နောက်ထပ် ရန်ကုန်၊ မန္တလေးဒိုင်တွေကို သိမ်းဆည်းမယ်ဆိုတာတွေက သူတို့နိုင်ငံထုတ် မုန့်တွေလို့ပြောတယ်ပေါ့၊ မုန့်တွေရဲ့နာမည် ကုမ္ပဏီနာမည် ထုတ်လုပ်သည့်ရက်စွဲ သက်တမ်းကုန်ဆုံးမဲ့ရက်စွဲ သွင်းကုန် ထုတ်ကုန် လိုင်စင်ရှိမရှိ မေးမြန်းတယ်ပေါ့နော်၊ နောက်တစ်ခုက တရုတ်မုန့်လို့ မသုံးနှုန်းဖို့ပေါ့ဗျာ၊ သံတမန်ရေးအရ ထိခိုက်လာနိုင်တဲ့အတွက် တရုတ်စာတန်းပါမုန့်လို့  သုံးနှုန်းဖို့ခုန ဦးခင်ဇော်ကပဲ ကျနော်တို့ကိုယ်စား အစည်းအဝေးမှာ နောက်ပြီးတော့ တရုတ်နိုင်ငံကတင်သွင်းတာလို့ မပြောပဲနဲ့ တစ်ဖက်နိုင်ငံကတင်သွင်းတဲ့မုန့်လို့ သုံးစွဲဖို့ အစည်းအဝေးမှာပြောတယ်"

မြန်မာဈေးကွက်အတွင်း တရုတ်စာတမ်းပါမုန့်တွေ စားသုံးမိတဲ့အတွက် ကလေးငယ်တွေရဲ့ ပါးစပ်နဲ့ လျှာတွေမှာ အနာပေါက်တာ၊ အစာအိမ်ရောင်တာ စတဲ့လက္ခဏာတွေ တွေ့ရသလို အစားအသောက်တွေမှာ တာရှည်ခံဆေးနဲ့ သကြားဓါတ်ပါဝင်မှုများတဲ့အတွက် ဆီးချိုရောဂါနဲ့ အ၀လွန်ရောဂါဖြစ်ပွားမှု တိုးပွားလာနိုင်တာ တွေ့ရှိရတယ်လို့လည်း ဦးဗအုပ်ခိုင်က ပြောပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကြောင့် ကင်ဆာရောဂါဖြစ်ပွားသူ သိသိသာသာ များပြားလာနေပြီး၊ ၂၀၀၀ ပြည့်နှစ်က လူတစ်သိန်းမှာ ကင်ဆာဖြစ်ပွားသူ ၁ ဦးနှုန်း သာရှိခဲ့ရာက၊ ၂၀၁၀ ပြည့်နှစ်မှာ ၁၀၀ အထိ တိုးလာခဲ့ကြောင်း၊ လူတစ်ဦးချင်းအသက်ရှည်နှုန်းလည်း ကျဆင်းနေပြီး သက်တမ်းမစေ့ခင် သေဆုံးမှုနှုန်း မြင့်တက်လာနေကြောင်း ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ဈေးကွက်အတွင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တရုတ်စာတမ်းပါ စားသောက်ကုန်တွေနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ အသေးစိတ်ပေးအပ်ဖို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးထံ စာပေးပို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတိပေးထားတယ်လို့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ကွန်မင့်များ (3)
Share

x thein sein

နေရပ်- the hell

Myanmar goverment is afraid of china, if u don't like to write like this say it like its my father country say like that shit

Oct 17, 2014 12:04 PM

ANTI TAYOAK

နေရပ်- TA YOAK COLONY

STUPID IDEA COME FROM STUPD GOVERNMENT.
THE DISQUALIIED PRODUCT MADE IN CHINA IS BECOME PRODUCT FROM THAILAND OR INDIA OR LAO OR BANGLARDESH,,,YOU STUPID GOVERNMENT ALWAYS MAKE CONFUSE AND MISLEADING TO OUR COUNTRY PEOPLES. THAT'S WHY THE COUNTRY AND PEOPLE ARE POOR AND THE GENERALS AND FRIENDS
ARE RICHER AND RICHER.

Oct 17, 2014 10:19 PM

ကြည့်နေပါ

တရုတ်က သူမဟုတ်တာ လုပ်တာကိုတော့ မရပ်ဘူး။
နေပြည်တော်ကအာဏာပိုင်ကလည်း “တရုတ်ကြောက်ဆေး”
ထိုးထားတော့ အရေးမယူရဲတဲ့အပြင် “ပြော”တောင် မပြောရဘူးတဲ့။ လူသားတွေကို အန္တရာယ်ဖြစ်စေတဲ့အမှုပြု
သူတွေ “တူသော အကျိုးပေး”ကို သေချာပေါက် ခံကြရမှာပါ။ ဘ၀ မကူးပါဘူး။

Oct 17, 2014 11:31 AM

တရုတ်ေ ကြာက်

နေရပ်- နေပြည်တော်

တရုတ်ပြည်သူ့သမ္မတနိုင်ငံအား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ အလွန်အမင်း မှီခိုခဲ့သဖြင့် တရုတ်ခေါင်းဆောင်တို့ က စစ်ခေါင်းဆောင်များ ရဲ့ လည်မျိုတက်နင်းထားခြင်း ခံနေရသောကြောင့် အချုပ်အချာ အာဏာတည်တံ့ ခိုင်မြဲမှု ရှိမရှိကို လူတိုင်း သဘောပေါက်နေကြပြီ ဖြစ်သည်။
ဘိန်းတရုတ်ခရိုနီကပွဲစားလုပ် မြန်မာနိုင်ငံ့ တစ်နိုင်ငံလုံးရဲ့ အရင်းအမြစ်တွေကို တရုတ်ဘက်ကို နည်းမျိုးစုံနဲ့ ရောင်းစားနေ နေပါတယ်။
ဒါ့ ကြောင့် အရှေ့တောင်အာရှနိုင်ငံများတွင် တစ်ချိန်က ဆင်းရဲခဲ့သော နိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် အဆ ၇ဝ ကျော် မြန်မာနိုင်ငံ့ နိမ့်ကျသွားခဲ့ရသည်။
တရုတ် ကို အ သေ ကြောက် ပြီး ရူး ကြောင်ေ ကြောင်တွေ လုပ် ပြ နေပါတယ်။
ရူး ကြောင်ေ ကြောင်တွေ ပြော နေပါတယ်။

Oct 17, 2014 04:28 AM

ဆိုက်တခုလုံးသို့