မြန်မာကိုဖြတ်မယ့် ရထားလမ်း ဘင်္ဂလားဒေ့ရှ် ကြေညာ


2019.01.28
nurul-islam-sujon-622.jpg ဘင်္ဂလားဒေ့ရှ် ရထားဝန်ကြီး Nurul Islam Sujon ကို တွေ့ရစဉ်
Photo: Omar Faruk's FB

Cox’s bazar ခရိုင်ကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံကို ရထားလမ်းဖောက်လုပ်မယ့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ် ရထားဝန်ကြီး Nurul Islam Sujon က မနေ့က ကြေညာလိုက်ပါတယ်။

နိုင်ငံအရှေ့တောင် ကမ်းရိုးတန်း Chattogram ဆိပ်ကမ်းမြို့ကနေ Cox’s bazaar ခရိုင်ကို ဆက်သွယ်မယ့် ရထားလမ်းလုပ်ငန်းစတင်နေပြီလို့ ရထားဌာနတာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။

ဒါတင်မက Cox’s bazar မှာရှိတဲ့ Ghumdhum နဲ့ မြန်မာနိုင်ငံကို ဆက်သွယ်ပြီးရင် နောက်ပိုင်းမှာ တရုတ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံကိုပါ ဆက်သွယ်မယ့် အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

ရထားလမ်းစီမံချက်ဟာ ၂၀၂၂ ခုနှစ်မှာ အပြီးသတ်မယ်လို့ မျှော်လင့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။