Cox’s bazar ခရိုင်ကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံကို ရထားလမ်းဖောက်လုပ်မယ့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ် ရထားဝန်ကြီး Nurul Islam Sujon က မနေ့က ကြေညာလိုက်ပါတယ်။
နိုင်ငံအရှေ့တောင် ကမ်းရိုးတန်း Chattogram ဆိပ်ကမ်းမြို့ကနေ Cox’s bazaar ခရိုင်ကို ဆက်သွယ်မယ့် ရထားလမ်းလုပ်ငန်းစတင်နေပြီလို့ ရထားဌာနတာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။
ဒါတင်မက Cox’s bazar မှာရှိတဲ့ Ghumdhum နဲ့ မြန်မာနိုင်ငံကို ဆက်သွယ်ပြီးရင် နောက်ပိုင်းမှာ တရုတ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံကိုပါ ဆက်သွယ်မယ့် အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။
ရထားလမ်းစီမံချက်ဟာ ၂၀၂၂ ခုနှစ်မှာ အပြီးသတ်မယ်လို့ မျှော်လင့်ထားပါတယ်။