ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ ရိုဟင်ဂျာ ၅၈ ဦး ဖမ်းဆီးခံရ
RFA Burmese
2025.01.11
2025.01.11

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုအပါအဝင် ရိုဟင်ဂျာ ၅၈ ဦးကို နယ်ခြားစောင့်ရဲတွေက ဇန်နဝါရီ ၁၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှိနိုင်ငံသားတွေရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းအရ နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က နယ်စပ်နေရာတွေကို ဝင်ရောက်စီးနင်းခဲ့ရာမှာ ထရပ်ကား၊ ကိုယ်ပိုင်ကား မော်တော်ဆိုင်ကယ်အများအပြားနဲ့ သယ်ဆောင်တဲ့ ရိုဟင်ဂျာတွေကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ သူတို့အားလုံးကို အမှုဖွင့်စစ်ဆေးနေပြီး မြန်မာနိုင်ငံကို ပြန်ပို့နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဒီရိုဟင်ဂျာတွေကို တရားမဝင်နယ်စပ်ဖြတ်ကျော် ပို့ဆောင်ဖို့ ကြိုးပမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဦးကိုလည်း ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သတင်းက ဖော်ပြပါတယ်။