၂၁ ရာစု ပင်လုံညီလာခံ ကုလအတွင်းရေးမှူးချုပ် ကိုယ်တိုင်တက်ရောက်မည်


2016.08.22
bankimoon-620.jpg ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-Moon ကို တွေ့ရစဉ်
Photo: RFA

မြန်မာအစိုးရသစ်က ဦးဆောင်ကျင်ပမယ့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းလည်း ကိုယ်တိုင်တက်ရောက်မယ်လို့ နိုင်ငံတော်သမ္မရုံး ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က AFP သတင်းဌာနကို ဒီကနေ့ အတည်ပြုပြောကြားလိုက်ပါတယ်။

ကျနော်တို့ သူကို ဖိတ်ထားပါတယ် ဒါပေမဲ့ အသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိဘူးလို့ သိရပါတယ်။ မစ္စတာဘန်ကီးမွန်း ညီလာခံတက်မယ့်အကြောင်း ကရင်အမျိုးသားအစည်းအရုံး KNUက ပဒိုစောကွယ်ထူးဝင်း ကလည်း အတည်ပြုပြောပါတယ်။  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်တိုင်တက်ရောက်ပြီး အမှာစကားပြောကြား မှာဖြစ်ပေမယ့် ညီလာခံကျင်းပတဲ့ကာလအတွင်း ဘယ်နေ့လဲဆိုတာတော့ မသိရသေးဘူးလို့ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

အခုလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်တာဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို နိုင်ငံတကာက ထောက်ခံလာအောင် အားပေးရာရောက်တယ်လို့လည်း သတင်းမှာ ဖော်ပြထားတယ်။

ဒီညီလာခံမှာ အရင်အစိုးရလက်ထက်က အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေလည်း ပထမဆုံးအကြိမ်အနေနဲ့ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့တွေဟာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ဆွေးနွေးခွင့်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

၅ ရက်ကြာကျင်းပမယ့် ညီလာခံ ကို အခုလကုန်သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပဖို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။