ပဲမျိုးစုံ ဒေါ်လာ သန်း ၁ ထောင်ကျော်ဖိုး တင်ပို့နိုင်ခဲ့


2017.01.14
bean-620.jpg နိုင်ငံခြားကို တင်ပို့ရောင်းချမယ့် ပဲ တစ်မျိုးကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပထမ ၉ လအတွင်း ပဲမျိုးစုံတန်ချိန် တစ်သန်း နိုင်ငံခြားကို တင်ပို့နိုင် ပြီး ရောင်းရငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိတယ်လို့ စနေနေ့က အစိုးရသတင်းထုတ်ပြန်ချက် မှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀၁၅-၁၆ အတွက် တန်ချိန်တစ်သိန်းခွဲ သာတင်ပို့နိုင်ခဲ့တာဖြစ်လို့ အခုနှစ်မှာ ၆ ဆကျော် ပိုပြီးတင် ပို့နိုင်တာဖြစ်ပါတယ်။ မြန်မာ့ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေက ဝယ်ယူတာဖြစ်ပြီး ၈၀% ကို အိန္ဒိယက ဝယ်ယူတာဖြစ်ပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံ မတ်ပဲနဲ့ ပဲဇင်းငုံကို မနှစ်ကထက်တိုးပြီး ဝယ်ယူဖို့ အဆိုပြုထားပြီး ၂၀၁၇ မှာ တန်ချိန် ၂ သောင်းခွဲစီ ဝယ်ယူမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အခုနှစ်ဇန်နဝါရီလ ၆ ရက်နေ့အထိ စိုက်ပျိုးရေးထွက်ကုန်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၂.၀၇၅ ဘီလျံကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။