မိခင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် သားငယ် ကင်မ်အဲရစ်စ် ဆုတောင်း

မနေ့က ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို အာရှ၊ ဥရောပနဲ့ အမေရိကမှာ ကျင်းပခဲ့ကြသလို သူ့သားငယ် ကင်မ်အဲရစ်ကလည်း မိခင်အတွက် မွေးနေ့ဆုတောင်းကို ဗီဒီယိုနဲ့ရိုက်ကူးပြီး ပေးပို့ခဲ့ပါတယ်။

အဲဒီဗီဒီယိုထဲမှာ ကင်မ်အဲရစ်က .... " ဒီနှစ်ဟာ ကျနော့်အမေရဲ့ ၇၇ နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ အခုဆိုရင် ကျနော်အမေဟာ အကျဉ်း ကျနေပြီး သူဘယ်ရောက်နေလဲ သူ့ကျန်းမာရေး ဘယ်လိုရှိလဲဆိုတာအသေးစိတ်မသိရဘဲ ကျနော်တို့တွေ သူ့မွေးနေ့ကို ကျင်းပနေတာပါ။ ကျနော်တို့အားလုံးက သူ့ကိုသတိရနေတယ်ဆိုတဲ့ ကျနော်တို့ရဲ့မွေးနေ့ ဆုတောင်း သူ့ဆီကို ရောက်ပြီး သိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ကင်မ်အဲရစ်စ်က ပြောသွားပါတယ်။

အဲဒီအပြင် " မြန်မာပြည် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ခက်ခက်ခဲခဲကြိုးပမ်းနေကြတဲ့ ကမ္ဘာတစ်ဝန်းက ပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ကြောင်းပြောပါရစေ။ ပြည်တွင်းစစ်နဲ့ ရေတွက်လို့မရတဲ့ ကြမ်းကြုတ် ရက်စက်မှုတွေကို နေ့စဉ်ရင်ဆိုင်နေရတဲ့ မြန်မာပြည်မှာ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့လည်း ပြောပါရစေ" လို့လည်း ကင်မ်အဲရစ်က ပြောပါတယ်။

ဒီမွေးနေ့ဆုတောင်းဗီဒီယိုကို နော်ဝေနိုင်ငံက Aung San Suu Kyi Park Froland Norway ဆိုတဲ့ အဖွဲ့က သူတို့ဖေ့စ်ဘွတ်မှ ာတင်ပြထားတာဖြစ်ပါတယ်။