ဖားကန့် ကျောက်တိုင်ကွင်းအနီး ပေါက်ကွဲမှုဖြစ်

2022.02.12
ဖားကန့် ကျောက်တိုင်ကွင်းအနီး ပေါက်ကွဲမှုဖြစ် ကချင်ပြည်နယ် ဖားကန့်မြို့အဝင်ကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ် ဖားကန့်မြို့က ဌာနဆိုင်ရာစုပေါင်းရုံးရှေ့နဲ့ ကျောက်တိုင်ကွင်းအနီးမှာ ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့မနက်အစောပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ခဲ့ပါတယ်။

ဒီနေ့မနက်က ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကျင်းပတဲ့ ကျောက်တိုင်ကွင်း အနီးမှာ ပေါက်ကွဲခဲ့တာလို့ အမည်မဖော်လိုတဲ့ ဖားကန့် ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“ဖားကန့်စုပေါင်းရုံးရှေ့က ကျောက်တိုင်ကွင်းထဲမှာ ပြည်ထောင်စုနေ့ အခမ်းအနား လုပ်ကြတယ်၊ အဲဒီ ကျောက်တိုင်ကွင်းနဲ့ စုပေါင်းရုံးကြားမှာ ပေါက်ကွဲတာ’’

အဲဒီပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးတာတွေတော့ မရှိခဲ့ဘူးလို့ဆိုကာ ဘယ်သူတွေရဲ့ လက်ချက်လဲဆိုတာ မသိရသေးဘူးလို့လည်း ပြောပါတယ်။

ဗုံးပေါက်ပြီးနောက်ပိုင်း အဲဒီအနီးတစ်ဝိုက်က လမ်းတွေအကုန်ပိတ်ဆို့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်ညက အဲဒီစုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့သလို ဖေဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ် လုပ်တဲ့နေ့ကလည်း ပေါက်ကွဲမှု ခုနစ်ကြိမ်အထိ ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။