ပလိပ်မြို့နားက ရထားလမ်း မိုင်းခွဲခံရ

2021.10.14
ပလိပ်မြို့နားက ရထားလမ်း မိုင်းခွဲခံရ ပလိပ်မြို့အနီး ရန်ကုန် - မန္တလေး ရထားလမ်း မိုင်းဆွဲဖျက်ဆီးခံရတာကို ၂၀၂၁ အောက်တိုဘာ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့အနားက ရန်ကုန် - မန္တလေးရထားလမ်း မိုင်တိုင်အမှတ် ၃၇၁ အောက်တိုဘာလ ၁၄ ရက် ဒီနေ့မနက်ပိုင်း မိုင်းဆွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပေါက်ကွဲမှုဖြစ်သွားပြီးတော့ စစ်ကောင်စီဘက်က လာစစ်ဆေးတယ်၊ အဲဒီအချိန်မှာ ပေါက်ကွဲမှု ထပ်ဖြစ် သေးတယ်၊ ထိခိုက်ဒဏ်ရာရသွားတာတွေရှိပေမယ့် အတိအကျတော့ မသိဘူး” လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ပုလိပ်မြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ခဲ့လဲဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က မန္တလေးကနေ ရန်ကုန်၊ နေပြည်တော်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ရထား ကျောက်ဆည်မြို့အနားက ရထားလမ်းမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒီဖောက်ခွဲတိုက်ခိုက်မှုကိုတော့ ကျောက်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ခဲ့တာတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့ကလည်း မန္တလေး - ပြင်ဦးလွင် ရထားလမ်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရပြီး ပျက်စီးမှု အနည်းငယ်ရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။