သပိတ်မှောက်ကျောင်းသား များ မော်လမြိုင် တက္ကသိုလ် ဝင်ခွင့်မရ
2015.02.09

မော်လမြိုင်နဲ့ ထားဝယ်တို့က အမျိုးသားပညာရေးဥပဒေ ကို သပိတ်မှောက်ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်း သူတွေကို မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာ ဌေးအောင်က မော်လမြိုင်တက္ကသိုလ် ကျောင်းဝင်း ထဲကို ဝင်ရောက်ဟောပြောခွင့်မပေးဘူးလို့ သိရပါ တယ်။
အမျိုးသားပညာရေးဥပဒေဟာ ပြီးပြည့်စုံတဲ့ဥပဒေဖြစ် တာကြောင့် ကျောင်းသား ကျောင်းသူတွေက ကန့်ကွက် တာကို လက်မခံကြောင်း မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်ကပြောတယ်လို့ ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က ကိုမင်းလွင်ဦး က ပြောပါတယ်။
"ကျနော်တို့ မော်လမြိုင်တက္ကသိုလ်မှာ ဝင်ခွင့်တောင်းတော့ ဝင်ခွင့်မပေးဘူးဗျ၊ မော်လမြိုင် တက္ကသိုလ် ပါချုပ်ကပြောလိုက်တာ ဒီအမျိုးသား ပညာရေးဥပဒေက ခိုင်ခိုင်မာမာရှိတယ်ပေါ့ ၊ ကောင်းမွန်တယ်ပေါ့၊ ကျောင်းသားပြည်သူတွေကို ကိုယ်စားပြုထားတယ်ပေ့ါ၊ အဲ့လိုပြောတယ်၊ ဒါနဲ့ကျနော်တို့က ပြန်မေးတယ်၊ ဘယ်အချက်တွေက ခိုင်မာလဲပေ့ါ၊ အဲ့ဒါကို သူပြန်မဖြေဘူးဗျ"
ထားဝယ်နဲ့ မော်လမြိုင်က ကျောင်းသား ၅ဝ ကျော်ဟာ မော်လမြိုင်မြို့ထဲမှာ ဒီနေ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့ကနေ ခရီးစတင်ထွက်လာတဲ့ ပင်မသပိတ်ကြောင်းဟာ ပြည်မြို့က ရွှေပေါက်ကံ ဘုန်းကြီးကျောင်းမှာ ဒီညရပ်နားကြမှာဖြစ်ပြီး ပခုက္ကူနဲ့ မုံရွာဘက်ကချီတက်လာကြတဲ့ ကျောင်းသား ကျောင်းသူတွေကတော့ မကွေးမြို့မှာ ညအိပ်မှာဖြစ်ပါတယ်။
အလားတူပဲ ဧရာဝတီတိုင်းဒေသကြီးက သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေဟာ ဒီနေ့ မအူပင်မြို့ထဲမှာ လှည့်လည်ဆန္ဒပြကြပါတယ်။
မော်လမြိုင်ဘက်က စစ်ကြောင်းနဲ့ ပတ်သက်ပြီး မခင်ခင်အိက မေးမြန်းတင်ပြထားပါတယ်။
ပုသိမ်မြို့ကချီတက်လာတဲ့ ဧရာဝတီသပိတ်စစ်ကြောင်းခေတ္တရပ်နားရာ မအူပင်မြို့က မြို့ခံကျောင်းသားတွေနဲ့ ကျောင်းသားမိဘတချို့ရဲ့အမြင်တွေကိုတော့ မခက်မာက စုစည်းတင်ပြထားပါတယ်။