ပြုပြင်ပြောင်းလဲရင် ပူးတွဲဆောင်ရွက်ဖို့ အသင့်ရှိကြောင်း အမေရိကန်ပြော

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ အတူ အမေရိကန် အစိုးရက ပူးတွဲ ဆောင်ရွက်နိုင်ဖို့ အဆင်သင့်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီကလင်တန်က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တယ်လီဖုန်းကတဆင့် ပြောခဲ့ပါတယ်။
2012-01-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်မြို့တွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်မြို့တွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓါတ်ပုံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန)
US State Department

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား လွတ်မြောက်လာမှုအပြင် တခြား ပြုပြင် ပြောင်းလဲမှုတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ အမေရိကန် အစိုးရဟာ မြန်မာအစိုးရနဲ့ သံတမန် ဆက်ဆံရေးကို အဆင့် မြှင့်လိုက်ပြီလို့ အမေရိကန်သမ္မတ အိုဘားမားက ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေးနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ရေး၊ မြောက်ကိုရီးယား အစိုးရနဲ့ မြန်မာအစိုးရ ဆက်ဆံရေး နီးကပ်နေတာကိုလည်း စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မနေ့က ထပ်မံ ပြောဆိုလိုက်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့